လ - မေ 2023

သခင်ယေရှုသည် အဖြေပင်ဖြစ်သည်

ပုံပြင်တစ်ပုဒ်၏အဆိုအရ Albert Einstein (အဲလ်ဘက်အိုင်းစတိုင်း)၏ သင်ကြား ဟောပြောခြင်းခရီးစဥ်တွင် သူ၏ကားဒရိုင်ဘာက သူသည် ဟောပြောသွန်သင်နိုင်လောက်သည်အထိ ဆရာ၏ဟောပြောမှုများကို ကြားခဲ့ရပြီဟု ပြောခဲ့သည်။ သို့နှင့် သူ့ကိုတစ်ခါမျှ မမြင်ဘူးသေးသော‌ နောက်ကောလိပ်ကျောင်းတွင် သူတို့လူချင်းလဲရန် အိုင်းစတိုင်းက အကြံပေးခဲ့သည်။ ဒရိုင်ဘာသည် သဘောတူကာ ထိုနေရာ၌ ကောင်းစွာသင်ကြားပို့ချ ဟောပြောခဲ့သည်။ ထို့နောက် မေးမြန်းဖြေကြားခြင်းအချိန် ရောက်လာသည်။ အလွန်စိတ်အားထက်သန်သူတစ်ဦးက မေးမြန်းသောအခါ ဒရိုင်ဘာက “မင်းဟာ အလွန်ထူးချွန်ပြောင်မြောက်တဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တယ်ဆိုတာ မြင်တာနဲ့ ကျုပ်သိတယ်။ ဒါပေမဲ့ မင်းက ကျုပ်ရဲ့ဒရိုင်ဘာတောင် ဖြေနိုင်တဲ့ သိပ်ရိုးရှင်းတဲ့မေးခွန်းကို မေးတာ ကျုပ်သိပ်အံ့ဩတယ်” ဟု ပြန်ဖြေခဲ့ပြီး၊ သူ၏ယာဥ်မောင်းအယောင်ဆောင် ဆရာကြီး အဲလ်ဘက်အိုင်းစတိုင်း က မေးခွန်းကို ဖြေပေးခဲ့သည်။ သို့နှင့် စိတ်ကူးယဥ်ဆန်ဆန် ဟာသပုံပြင်အဆုံးသတ်ခဲ့သည်။

ဒံယေလ၏မိတ်ဆွေသုံးဦးသည် အမှန်ပင် အန္တရာယ်စက်ကွင်းသို့ ရောက်ရှိ‌ နေသည်။ နေဗုခဒ်နေဇာမင်းကြီးက သူ၏ရုပ်တုကို…

အရာအားလုံး ယေရှုအတွက်

Jeff (ဂျက်ဖ်) အသက်ဆယ့်လေးနှစ်တွင် သူ့မိခင်က သူ့ကို နာမည်ကြီးအဆိုတော် တစ်ဦး၏ပွဲသို့ ခေါ်သွားခဲ့သည်။ သူ့ခေတ်က ဂီတသမားတော်တော်များများ ကဲ့သို့ပင် B. J. Thomas (ဘီဂျေသောမတ်စ်)သည် ဂီတဖျော်ဖြေမှုခရီးစဥ်များတွင် မိမိကိုယ်ကို ဖျက်စီးစေနိုင်သောအသက်တာဖြင့် နေထိုင်ခဲ့သည်။ ၎င်းသည် သူနှင့်သူ့ဇနီးတို့ သခင်ယေရှုအကြောင်း မကြားရမီအချိန်က ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူ များဖြစ်လာသောအခါ သူတို့၏အသက်တာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သီဆိုပွဲညတွင် အဆိုတော်သည် တက်ကြွနေသောလူအုပ်ကြီးကို စတင်ဖျော်ဖြေခဲ့သည်။ သူ့၏နာမည်ကြီးသီချင်းတချို့ကို သီဆိုပြီးနောက်တွင် ပရိသတ်တစ်ဦးက “ဟေး ... ယေရှုအတွက် တစ်ပုဒ်သီဆိုပါ” ဟုအော်ပြောရာ၊ “ကျွန်တော် ယေရှုအတွက် သီချင်း (၄) ပုဒ် ခုပဲ သီဆိုခဲ့တယ်”ဟု ဘီဂျေက မဆိုင်းမတွ တုံ့ပြန်လိုက်သည်။ ထိုအချိန်မှစ၍ ဆယ်စုနှစ်အနည်းငယ်ကြာခဲ့သည့်တိုင်၊ “မိမိလုပ်ဆောင်ပြုမူသမျှ” တွင် အချို့က “ဘာသာမဲ့”ဟု တွေးထင်နိုင်သည့် အမှုအရာများပင်လျှင်…

မင်္ဂလာရှိသော လုပ်ရိုးလုပ်စဥ်

ရထားပေါ်သို့ ကြိတ်ကြိတ်တိုးတက်နေသည့် လူအုပ်ကြီးနှင့် မနက်ခင်းကို ကြည့်ပြီး စိတ်ဓာတ်ကျဖွယ်တနင်္လာနေ့ စတင်ပြီဟု ကျွန်တော်ခံစားလိုက်ရသည်။ ပြည့်ကြပ်နေသောရထားတွဲ၌ ငိုက်မြည်းလျက် အလိုမကျဖြစ်နေသော မျက်နှာများကို ကြည့်ခြင်းဖြင့် မည်သူမျှ အလုပ်သွားရန် မျှော်လင့်မနေကြောင်း ပြောနိုင်သည်။ လူအချို့က အထဲတိုးဝင်ရန်ကြိုးစားကြသောအခါ လူတို့မျက်မှောင်ကြုတ်ကုန်သည်။ ‘အလုပ်တွင် နောက်ထပ် နိစ္စဓူဝ နေ့တစ်နေ့ ရောက်လာပြန်ပါပြီ။’
ရှေ့တစ်နှစ်က ကိုဗစ်-၁၉ ကန့်သတ်မှုများကြောင့် ကျွန်ုပ်တို့၏နေ့စဉ် လုပ်ရိုးလုပ်စဉ်များ ဝရုန်းသုန်းကားဖြစ်ပြီး ရထားများစီးသူမရှိဖြစ်သွားသည်ကို ရုတ်တရက် ကျွန်ုပ်သတိရမိသည်။ အပြင်ထွက်၍ စားသောက်၍မရ၊ အချို့က ရုံးသွားရခြင်းကို ပြန်တမ်းတနေကြသည်။ သို့သော် ယခုတွင် ကျွန်တော်တို့ ပုံမှန် ပြန်ဖြစ်လုနီးပါးဖြစ်ပြီး လူအတော်များများက ခါတိုင်းကဲ့သို့ အလုပ်သွားကြပြီ။ “လုပ်ရိုးလုပ်စဉ်”သည် သတင်းကောင်းဖြစ်ပြီး “ငြီးငွေ့ဖွယ်ကောင်းခြင်း”သည် ကောင်းချီးတစ်ခုဖြစ်ကြောင်း ကျွန်တော်နားလည်ခဲ့သည်။

ရှောလမုန်မင်းသည် နေ့စဥ်ကြိုးစားအားထုတ်မှု၏ အဓိပ္ပာယ်ကင်းမဲ့ပုံကို သုံးသပ်ပြီးနောက် အလားတူကောက်ချက်ချခဲ့သည် (ဒေ ၂:၁၇-၂၃)။ တစ်ခါတစ်ရံတွင်…

အိပ်မက် မဟုတ်ပါ

မနိုးထနိုင်သော အိပ်မက်ထဲတွင် အသက်ရှင်နေရသကဲ့သို့ပင်ဖြစ်သည်။ “မိမိ လက်တွေ့ဘဝသည် တကယ်မဟုတ် ဟုခံစားရခြင်း” (သို့) “မိမိ၏စိတ်သည် မိမိကိုယ်နှင့်မဆိုင်ဟုထင်ခြင်း” စသည့် စိတ်အခြေအနေများနှင့် ရုန်းကန်နေရသူများမှာ ၎င်းတို့ပတ်ဝန်းကျင်တွင် ရှိသောအရာများသည် အစစ်အမှန်မဟုတ်ဟု ခံစားရလေ့ရှိသည်။ ဤခံစားချက်ကို နှစ်ရှည်ခံစားရသူများတွင် ရောဂါတစ်ခုအဖြစ် ပြောနိုင်သော်လည်း ၎င်းသည် သာမန်စိတ်ကျန်းမာရေးဆိုင်ရာ ရုန်းကန်မှု အထူးသဖြင့် စိတ်ဖိစီးသည့်အချိန်တွင် ဖြစ်တတ်သည်ဟု ယူဆကြသည်။ သို့သော် တစ်ခါတစ်ရံတွင် ဘဝအဆင်ပြေသည်ဟု ထင်ရချိန်များတွင်လည်း ထိုခံစားချက်က ဆက်ရှိနေတတ်ပြီး၊ ကောင်းသောအရာများ အမှန်တကယ်ဖြစ်နေသည်ကို စိတ်ထဲတွင် မယုံကြည်နိုင်သကဲ့သို့ဖြစ်နေခြင်း ဖြစ်သည်။

သမ္မာကျမ်းစာ၌ ကိုယ်တော်၏တန်ခိုးတော်နှင့် ကယ်နှုတ်ခြင်းကို အိပ်မက်မဟုတ်ဘဲ အမှန်တကယ် တွေ့ကြုံခံစားရရန် ဘုရားသခင်၏လူများလည်း အလား တူ ရုန်းကန်ရချိန်များကို ဖော်ပြထားသည်။ တမန်တော်ဝတ္ထု ၁၂ တွင်၊ ပေတရုကို ထောင်နှင့် ကွပ်မျက်ခံရနိုင်ခြေရှိသည့်အခြေအနေမှ ကောင်းကင်တမန် ကယ်လွတ်ချိန်တွင် (:၂၊ ၄)၊…

သက်သေခံပါ

အမေရိကန်သမ္မတ Abraham Lincoln (အာဗြံဟံလင်ကွန်း)၏သား Robert Todd Lincoln (ရောဘတ်တော့လင်ကွန်း)သည် သူ့ဖခင်အပြင် သမ္မတ James Garfield (ဂျိမ်းစ်ဂါဖီး)နှင့် William McKinley (ဝီလျံမက်ကင်းလေး)တို့ လုပ်ကြံခံရသည့် အရေးကြီးအဖြစ်အပျက် (၃)ခု ဖြစ်ပျက်ချိန်၌ ရှိနေသူဖြစ်သည်။
သို့သော် သခင်ယေရှု၏ နောက်ဆုံးညစာစားပွဲ၊ ဂေသရှေမန်ဥယျာဥ်တွင် ခရစ်တော်၏မချိတင်ကဲဝေဒနာ၊ သခင်ကားတင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း စသည့် အရေးပါသော သမိုင်းအဖြစ်အပျက် ‘(၄) ခု’တွင် တမန်တော် ရှင်ယောဟန် ရှိနေခဲ့ကြောင်းကို ဆင်ခြင်ကြည့်ပါ။ ထိုသို့ ဖြစ်ပျက်သည့်အခိုက်အတန့်တွင် သူရှိနေရခြင်း၏ အကောင်းဆုံးသော ‘အကြောင်းရင်း’အတွက် သူသည် မျက်မြင် သက်သေဖြစ်ရခြင်းကို ရှင်ယောဟန်သိသည်။ ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၄-၂၅ တွင် “ထို တပည့်တော်ကား ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူ ဖြစ်၏။ သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏” ဟု သူရေးခဲ့သည်။

ရှင်ယောဟန်သည်…